ထာဝရအချစ်လို့ ထင်ခဲ့ပေမယ့်လည်း လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့သူများ

uy8

ကိုယ်ချစ်ရတဲ့ သူနဲ့ ပေါင်းဖက်ခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးဟာ တကယ့်ကို ဘုရားက ပေးတဲ့ ကံကောင်းခြင်း တစ်ခုပါ။ ဒါပေမယ့်လည်း တစ်ခါတလေကျတော့ ချစ်လျက်နဲ့ ခွဲရတာ၊ အဲ့ဒီအချစ်က အကြောင်းအမျိုးမျိုး ကြောင့် ပျောက် ကွယ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်။ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ ထင်သလောက် လွယ်ကူတဲ့ အရာ တော့ မဟုတ်ပါဘူး။ ပရိသတ်တွေ အားကျခဲ့ရတဲ့ ဆယ်လီ စုံတွဲ တွေ၊ ဘယ်တော့မှ လက်တွဲ ဖြုတ်မှာ မဟုတ်ဖူးလို့ ထင်ခဲ့ တဲ့ သူတွေ တောင်မှ လမ်းခွဲ ခဲ့ကြတာတွေရှိပါတယ်နော် …

(1) Angelina Jolie & Brad Pitt

rt5yu6u

ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲလေးပါ။ ဒါပေမယ့် လုံးဝ ထင်မထားရလောက် အောင် လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ကြပါတယ်။ (၂၀၀၄)တုန်းက Mr. and Mrs. Smith ဇာတ်ကားမှာ ဆုံဆည်း ခဲ့ ကြတဲ့ သူတို့ဟာ အဲ့ဒီဇာတ်ကားရိုက်ရင်းနဲ့ပဲ ချစ်ကြိုးသွယ်ခဲ့ကြတာပါ။ Brad Pitt နဲ့ Jennifer Aniston ကလည်း တစ်ဖက်မှာ မကွာရှင်းရသေးခင် Angelina Jolie နဲ့ Brad Pitt တို့ဟာ ချစ်ကြိုက်ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ Brad Pitt နဲ့ J ennifer Aniston ရဲ့ အိမ်ထောင်ရေးပြို ကွဲသွားခဲ့ပါတယ် …။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဂျိုလီနဲ့ Brad Pitt တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ခရီးကို အတူ လျှောက်လှမ်းခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ (၂၀၁၆) မှာတော့ (၁၂) နှစ်ကြာ Relationship ပြိုကွဲ သွားခဲ့ပါတယ်။ ဂျိုလီကနေ ကွာရှင်းတော့မယ်လို့ ကြေညာခဲ့တာပါ။ ကလေး (၆) ယောက်နဲ့ Big Family လေးကို တည်ဆောက်ခဲ့ပေမယ့်လည်း အဆုံးသတ်ကတော့ လမ်းခွဲခြင်းပဲ ဖြစ်ခဲ့ရပါတယ် …။

(2) Tom Cruise & Katie Holmes

5y67

နောက်ထပ် စုံတွဲကတော့ ဟောလိဝုဒ်စုံတွဲ ပါ။ Tom Cruise နဲ့ Katie Holmes တို့ကလည်း အရမ်းကို လိုက် ဖက်လွန်းတယ်ဆိုပြီး သတ်မှတ်ခံခဲ့ရတဲ့ ဆယ်လီစုံတွဲလေးပါ။ (၂၀၀၆)မှာ လက်ထပ်ပြီး (၂၀၁၂) မှာတော့ လမ်းခွဲ ခဲ့ပါတယ်။ Katie Holmes ဘက်ကနေ ကွာရှင်းခွင့်တောင်းခံခဲ့တာပါ။ အခုလို တောင်းခံရတာဟာ အငြင်းပွားစရာ Scientology (သိပ္ပံပညာကို ဘုရားတဆူလို ကိုးကွယ်ယုံကြည်လာတာ)ကိစ္စမှာ သူပါဝင် နေတဲ့ အတွက် Katie က သမီးလေး Suri ကိုပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး မထိခိုက်စေချင်လို့ ကွာရှင်းခွင့်တင်တာလို့ တော့ Tom Cruise က ပြောခဲ့ဖူးပါတယ် …။

(3) Justin Bieber & Selena Gomez (Jelena )

3

ငယ်ငယ်တည်းက ချစ်လာခဲ့ကြတဲ့ ငယ်ချစ်တွေမို့ ဇာတ်သိမ်းကတော့ သေချာပေါက် Happy Ending ဖြစ် မယ်လို့ အားလုံးက တစ်ထစ်ချ တွက်ထားခဲ့တာပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊လမ်းခွဲ လိုက် ပြန်ပေါင်း ထုပ် လိုက် စုံတွဲ လေး ဖြစ်ခဲ့ဖူးပါတယ်။ Selena Gomez ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီး နောက် ပိုင်း ပြန်ပေါင်းထုပ်တုန်းကဆိုရင် ပရိသတ်တွေ ကတော့ ဒီတစ်ခါ ထပ်ပြီး လမ်းမခွဲ လောက်တော့ဘူးလို့ တောင် ထင်ထားခဲ့တာပါ။ သူတို့ Rs Timeline ကို အကျဉ်းချုပ်ရရင်တော့ ….

(၂၀၁၀) တည်းက တွဲ နေတယ်လို့ သတင်းထွက်ခဲ့ပြီး (၂၀၁၁)မှာတော့ သူတို့ ကိုယ်တိုင် တွဲနေတယ်လို့ အတည်ပြုခဲ့ပါတယ်။နိုဝင်ဘာ (၂၀၁၂)မှာ ကွဲခဲ့ပါတယ်။ (၂၀၁၃)မှာ ပြန်တွဲတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ (၂၀၁၄)မှာတော့ “The Heart Wants What It Wants.” သီချင်းဟာ JB အကြောင်းလို့ Selena ကိုယ်တိုင် ပြောခဲ့ပါတယ်။ (၂၀၁၄)ဒီဇင်ဘာမှာတော့ JB နဲ့ Hailey Baldwin တွဲ နေတယ်လို့ သတင်းထွက်ခဲ့ပြီး JB ဘက်ကတော့ ငြင်းခဲ့ပါတယ်။ (၂၀၁၇) ဇန်န၀ါရီမှာတော့ The Weeknd နဲ့ Selena တို့ ဇာတ်လမ်းစခဲ့ပါတယ်။ (၂၀၁၇)အောက်တိုဘာမှာတော့ JB နဲ့ Selena တို့ နှစ်ယောက်တွဲ ပုံ တွေထွက်လာခဲ့ပါတယ်။ (၂၀၁၈) ဖေဖဖော်ဝါရီ မှာတော့ Jelena တို့ လမ်းခွဲ လိုက်ပြီ လို့ သတင်းထပ်ထွက်ခဲ့ပါတယ်။ မတ်(၂၀၁၈)မှာတော့ လမ်းခွဲခဲ့ပါတယ်။ဇွန်(၂၀၁၈)မှာတော့ Hailey Baldwin နဲ့ JB တို့ ပြန်တွဲခဲ့ပါတယ်။ ဇူလိုင်မှာတော့ စေ့စပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ JB နဲ့ Hailey တို့ လက်ထပ်ပြီးခဲ့ပါပြီနော် …။

(4) Song Joong Ki And Song Hye Kyo

4 1

ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ DOTS ဇာတ်ကားနဲ့ ဖူးစာဆုံခဲ့ကြတာပါ။ ဒီကားဟာ သူတို့နှစ်ယောက် အတူ တွဲ သရုပ်ဆောင်တဲ့ ပထမဆုံး ဇာတ်ကားပါ။ (၂၀၁၇) အောက်တိုဘာ (၃၁)မှာတော့ လက်ထပ်ခဲ့ ကြပါတယ်။ (၂၀ ၁၉) ဇွန် (၂၆)မှာတော့ ကွာရှင်းတော့မယ်လို့ ဆောင်ဂျွန်ကီရဲ့ ဘက်ကနေ အရင်ကြေညာခဲ့ပါတယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့ မနေပဲ ကွာရှင်းတာကို အေးအေးဆေးဆေး ပြီးသွားချင်တယ်လို့ ဆောင်ဂျွန်ကီ ဘက်က ပြောခဲ့ပါတယ် …။

ဆောင်းဟေကိုက စရိုက်မတူ တာတွေ များလာလို့ နောက်ဆုံး ကွာရှင်းဖို့အထိ ဆုံးဖြတ်ရတာပါလို့ ထုတ် ပြော ခဲ့ပါတယ်။ကွာရှင်းဖို့ ညှိနှိုင်းတာ (၅)မိနစ်ပဲ ကြာခဲ့ပါတယ်။ (၂၀၁၉) ဇူလိုင် (၂၂)ရက်နေ့မှာတော့ ဥပဒေအရာပါ တရားဝင် ကွာရှင်းပြတ်စဲ လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ ကွာရှင်းသတင်းကတော့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အတွက် လုံးဝ မယုံနိုင်စရာ ဖြစ်ခဲ့ရပါတယ် …။

(5) Jeff Bezos & MacKenzie

5 1

နောက်ထပ် လမ်းခွဲခြင်းကတော့ Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos နဲ့ သူ့ရဲ့ ဇနီးဟောင်း MacKenzie တို့ပါ။ Jeff Bezos နဲ့ MacKenzie တို့ကတော့ (၂၀၁၉) ဇန်န၀ါရီ (၉)ရက်နေ့မှာ တွစ်တာ အကောင့်ကနေ ကြေညာ ခဲ့တာပါ။ အိမ်ထောင်သက် (၂၅)နှစ်အကြာမှာ လမ်းခွဲခဲ့တာပါ။ (၁၉၉၃) မှာ လက်ထပ်ခဲ့ပြီး (၂၀၁၉)မှာ လမ်းခွဲခဲ့ကြတာပါ။သူတို့ မှာ ကလေးလေး ယောက်ရှိပါတယ် …။

စီးပွားရေးလောကမှာ ဆိုးတူ ကောင်းဖက်တွေ အတူတူ ရင်ဆိုင်ခဲ့ကြပြီး အိမ ထောင် သက် လည်း ဒီလောက်ထိ ကြာခဲ့ပြီးမှ လမ်းခွဲ ခဲ့တာမို့ အားလုံးက မယုံနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ (၁၉၉၂)ခုနှစ်တုန်းကD. E. Shaw မှာ အလုပ်လုပ်တဲ့ Bezos ဆိုတဲ့ အမျိုးသားဟာ ၀တ္ထု ရေးဆရာ မ MacKenzie Tuttle နဲ့ ဆုံခဲ့ပါတယ်။ တွေ့ပြီး တစ်နှစ်အကြာမှာ လက်ထပ်ခဲ့တာပါ။ ဒီလောက် အချိန် တွေကြာခဲ့ ပေမယ့်လည်း အဆုံးသတ်ကတော့ လမ်းခွဲ ခြင်းပဲ ဖြစ်ခဲ့ပါတယ်နော် … ။ ။

AUNTYMAY (SOURCE :cnn/usweekly/wiki)

Facebook Comments