အစပ်များများစားရင် မှတ်ဥာဏ်မကောင်း၊ မေ့လွယ်တတ်ဟု သိပ္ပံပညာရှင်များပြော

joko

အစပ်ကြိုက်သူလေးတွေ သတိထားစရာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ တစ်ခုကို ဝေမျှ ပေးချင်ပါတယ်။အစပ်များများ စားတာက ကိုယ်အလေးချိန် ကျစေတယ်ဆိုပေမယ့် အစပ်များများစားရင် ကျန်းမာရေး အတွက် ဆိုးကျိုး တွေ လည်း ဖြစ်ပေါ် စေပါတယ်။ အစပ်များများစားရင် အစာအိမ်ကို ထိတယ်ဆိုတာကိုတော့ တော်တော်များများ သိလောက် မှာပါ။ အစပ်များများစားရင် မှတ်ဥာဏ် ချို့ယွင်းစေတယ်ဆိုတဲ့ အချက်ကိုတော့ သိပ္ပံပညာရှင်တွေက မကြာ သေးခင်ကမှ တွေ့ရှိခဲ့ကြ တာဖြစ် ပါတယ်…။

Qatar University ကသိပ္ပံပညာရှင်တွေက ဦးဆောင် ပြီး Southern Australia University မှ ကျောင်းသား၊ကျောင်းသူတွေ က ပူးပေါင်းပြီး ဒီလေ့လာမှုကို လုပ်ခဲ့ကြတာပါ။ လူပေါင်း (၄၅၀၀) ကျော်ကို စမ်းသပ်လေ့လာခဲ့ကြတာပါ။ အဲ့ဒီအထဲကမှ တစ်ရက်ကို ငရုတ်သီး (50 g) စားသုံးတဲ့ သူတွေဟာ မစားတဲ့သူတွေနဲ့ယှဉ်ရင် မှတ်ဥာဏ် ချို့ယွင်းပြီး ပိုမေ့လွယ် နိုင်ချေ နှစ်ဆ ပို များတာကို တွေ့ခဲ့ပါတယ်…။

f6t7

မှတ်ဥာဏ်ဟာ (၁၅)နှစ်ကျော် အတွင်းမှာ (၅၆)ရာခိုင်နှုန်း လောက် အထိ ကျဆင်းသွားတာနဲ့ ငရုတ်သီး အရမ်းစားတာဟာ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ တဲ့ အချက်ကို တွေ့ခဲ့တယ်လို့ လေ့လာ မှုမှာ ဖော်ပြထားပါတယ်။ ဘာလို့ ဒီလို ပတ်သက်ဆက်နွယ်နေလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေက တိတိကျကျတော့ မသိ ရသေး ပေမယ့် ငရုတ်သီးမှာပါတဲ့ capsaicin ဆိုတဲ့ Chemical compound ဟာ လူကို Active ဖြစ်ပြီး ဥာဏ် ကောင်းစေတယ်ဆိုပေမယ့်လည်း အရမ်းများရင်တော့ အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်…။

ပညာရှင်တွေ ကတော့ ငရုတ်သီးများများစားရင် ဦးနှောက်အာရုံကြောတွေ တက်ကြွလန်းဆန်းစေတယ်လို့ လူတော်တော်များများ သိထားကြတဲ့ သီအိုရီနဲ့ ပတ်သက်ပြီးလည်း သတိပေးခဲ့ကြပါတယ်။ ငရုတ်သီးဟာ body weight နဲ့ blood pressure အတွက် အကျိုးရှိစေတယ်လို့ အရင်တုန်းက လေ့လာတွေ့ရှိမှုတွေ မှာေ ဖ်ာပြခဲ့ဖူးကြောင်း၊ ဒါပေမယ့်လည်း အခု လေ့လာ တွေ့ရှိမှု မှာတော့ အရင်နဲ့ ပြောင်းပြန် သက်ရောက်မှုတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Dr Zumin Shi ကပြောခဲ့ပါတယ်…။

hi

ဗြိတိန်မှာဆိုရင် လူပေါင်း (၈)သိန်း ခွဲ လောက်ဟာ Dementia ဆိုတဲ့ မှတ်ဥာဏ်ပျောက်ဆုံးမှု ရောဂါကို ခံစားနေရတယ်လို့ Alzheimer’s Society က ပြောပါတယ်။ အမေရိကန်မှာဆိုရင်လည်း လူပေါင်း (၅.၇)သန်းဟာ အဲ့ဒီလို ရောဂါကို ခံစားနေရတယ် လို့လည်း သိရပါတယ်နော်…။ ။

NN

Facebook Comments