မိန်းကလေးတွေ အထိတွေ့ ခံချင်တဲ့ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း (၅) ခု…

rtry

မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူတွေ၊ အိမ်ထောင်ဖက်တွေနဲ့ အတူ ရှိနေတဲ့ အချိန်တွေမှာ ဆိုရင် သူတို့ကို ထိတွေ့စေ ချင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှိသတဲ့ ။ အဲဒီလို ပြောလို့ ထင်ရာမြင်ရာတွေ လျှောက်တွေး မနေနဲ့ဦး။

ဒီအချက်တွေက bigeye.ug ဆိုတဲ့ ၀က်ဆိုက်နဲ့ faceofmalawi.com ဆိုတဲ့ ၀က်ဆိုက်တွေ ကနေ ကူးယူဖော်ပြတာ ဖြစ်ပြီး သူတို့ရဲ့လေ့လာ တွေ့ရှိချက်လေး တွေကို ပြန်လည် မျှဝေလိုက်ရပါတယ် နော်….

(၁) ဆံပင်…

4t

မိန်းကလေးတွေဟာ သူတို့ရဲ့ ဆံပင်တွေကို သူတို့ကို တန်ဖိုးထားတဲ့ ယောက်ျားလေး တစ်ယောက်ကို ထိတွေ့စေချင် ကြသတဲ့။ သူတို့က ဆံပင်ကို ဆေးရောင် အမျိုးမျိုး ခြယ်ကြတယ်၊ ပုံစံ အမျိုးမျိုး ဖန်တီး ကြတယ် ဆိုတာ ဖိအားတွေ လျော့ကျဖို့ အတွက် ဖြစ်ကြပြီး သူတို့ရဲ့ ဆံပင်တွေကို သူတို့ချစ်တဲ့သူ ကိုင်ဖို့ မျှော်လင့်တတ်ကြ ပါတယ်…။

(၂) လည်ပင်း အနောက်ဖက်…

6y6

ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ လည်ပင်း အနောက်ဖက်နားကို လက်နဲ့ ကိုင်ထားပြီး အနမ်းလေး ပေးကြည့် စမ်းပါ။ ဂျပန်မှာတော့ ဒီအလေ့အထဟာ အရမ်းပဲ ခေတ်စား ပါတယ်တဲ့။ အမျိုးသားတွေက မိန်းကလေးတွေရဲ့ လည်ပင်း အနောက်ဖက်နားကို ထိတွေ့ဖို့ စိတ်ဝင်စား ကြပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှု ကိုလည်း မြင့်တက်နေ ပါသတဲ့…။

(၃) ညှပ်ရိုး…

kjk

လည်ပင်းအောက်ခြေနားမှာ ရှိတဲ့ ညှပ်ရိုး ဆိုတာ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှု အရှိဆုံး နေရာတွေထဲက တခုတဲ့။ တချို့ဆိုရင် အဲဒီ ညှပ်ရိုးမပေါ်လို့ စိတ်ညစ်ကြ သူတွေ တောင် ရှိတယ်။ မိန်းကလေးတွေက အဲဒီ နေရာကို ထိတာ၊ နမ်းတာကို ကြိုက်ကြသလို သူတို့ရဲ့ အလှအပကို အသိအမှတ် ပြုတယ်လို့လည်း ခံစား တတ်ကြပါတယ်…။

(၄) နားရွက်…

7ur

နားရွက်နဲ့ ပတ်သက်ပြီး မိန်းကလေးတွေရဲ့ ခံစားမှုက တစ်မျိုးပါ။ သူတို့က နားရွက်ကို ထိရင် ပျော်ကြတယ်တဲ့။ နားရွက်ကို နမ်းတာ မျိုးတို့၊ ဖွဖွလေး ကိုင်ထား တာမျိုး တို့ ဆိုရင် သူတို့က သဘောကျတတ်ကြပြီး ဒါဟာ သူတို့ ထိတွေ့စေချင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဆိုတာ အသေအချာပါပဲ…။

(၅) ခြေဖ၀ါး…

uo87
Man giving woman foot massage

ခြေဖ၀ါးကို ဘာလို့ ထိရမှာလဲ၊ ရွံစရာကြီးလို့ တွေးမိကြတယ် မို့လား။ မိန်းကလေးတွေက သူတို့ရဲ့ ခြေဖ၀ါးကို အထိ ခံချင်ကြ တယ်တဲ့။ အဲဒါကြောင့်ပဲ Foot Massage တွေဆီ သွားကြတာဖြစ်ပြီး သူတို့ အတွက် ခံစားမှု အသစ်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြ ပါတယ်နော်…။

Source – bigeye.ug ,faceofmalawi.com

Thant Zayar Naing ( သတင်းလွှာ )

Facebook Comments