ကြမ်းပြီးဖွာနေတဲ့ဆံပင်ကို ချောမွတ်ဖြောင့်စင်းသွားစေမယ့် သဘာဝပေါင်းတင်နည်း(၄)မျိုး

gt5y

ပျိုမေတို့တွေ အစိုဓာတ်ပြည့်ဝပြီး ပိုးသားလေးလိုချောမွတ်တဲ့ဆံပင်လေးတွေလိုချင်ပေမယ့် ကိုယ်တိုင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဒါကြောင့် ခြောက်သွေ့ပြီးဖွာနေတဲ့ဆံပင်တွေကို အစိုဓာတ်ဖြည့်ပေးပြီး ဆံသားကိုချောမွတ်ဖြောင့်စင်းသွားစေမယ့် သဘာဝဆံပင်ပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အုန်းဆီအပူပေးပေါင်းတင်နည်း

အုန်းဆီအနည်းငယ်ကိုခွက်တစ်ခုထဲထည့်ပြီး နွေးလာတယ်ဆိုရုံအပူပေးကာ ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပါ။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်တစ်ခါလောက်လုပ်ပေးရုံနဲ့ ကြမ်းပြီးဖွာနေတဲ့ဆံပင်တွေကို ချောမွတ်ဖြောင့်စင်းသွားစေတာကြောင့် သဘာဝအတိုင်း ဆံပင်ဖြောင့်စင်းချင်သူတွေ လုပ်သင့်ပါတယ်။

(၂) ငှက်ပျောသီး၊ပျားရည်

ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊သံလွင်ဆီအနည်းငယ်တို့ကိုရောမွှေပြီး ဆံပင်အနှံ့လိမ်းပေးကာ shower cap နဲ့အုပ်ထားပေးပါ။ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပါ။ ခြောက်သွေ့ပြီးအရောင်မွဲနေတဲ့ဆံပင်ကို ချောမွတ်တောက်ပလာစေပါလိမ့်မယ်။

(၃) အုန်းနို့၊သံလွင်ဆီ၊သံပရိုရည်

အုန်းနို့ရည်တစ်ခွက်၊ သံလွင်ဆီနှစ်ဇွန်း၊ သံပရိုရည်တစ်ဇွန်း၊ ပြောင်းဖူးမှုန့်တစ်ဇွန်းတို့ကိုရောပြီး ငါးမိနစ်လောက်အပူပေးပါ။ ခဏလောက်အအေးခံထားပြီး ဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းပေးကာ နာရီဝက်လောက်ကြာရင်ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်ခြောက်ပြီးပွနေတာတွေ၊ ဆံစလေးတွေထောင်ပြီးထွက်နေတာတွေကို လုံးဝသပ်ရပ်သွားစေတာကို တွေ့ရပါလိမ့်မယ်။

(၄) ထောပတ်သီး

ထောပတ်သီးအမှည့်တစ်ခြမ်းကိုခြေပြီး ဆံပင်အနှံ့လိမ်းပါ။ shower cap နဲ့အုပ်ထားပြီး မိနစ် ၂၀ ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။ ရှုပ်ထွေးပြီးအဖျားငြိနေတဲ့ဆံပင်တွေ လုံးဝရှင်းလင်းချောမွတ်သွားပြီး အရောင်လည်းနဂိုထက်တောက်ပလာပါလိမ့်မယ်။

Credit : Aunty may

Facebook Comments