စိတ်​​ပျော်​ချင်​ရင်​ ..ယောကျာ်းယူပါ …

fgt

စိတ်​​ပျော်​ချင်​ရင်​ ..ယောကျာ်းယူပါ …!!

အလုပ်မှာမကျေနပ်သမျှ သူ့ကိုမဲလို့ရပါတယ်…။

ပျော်ရွှင်လာတာရှိရင် သူ့အပေါ်အားရပါးရခုန်တက်လို့ရပါတယ်…။

နေမကောင်းခဲ့ရင် အသားကုန်ချွဲ ရေသာခိုလို့ရပါတယ်…။

ထမင်းစားပြီး ပန်းကန်ဆေးဖို့ပျင်းရင် ခြိမ်းခြောက်ခိုင်းလို့ရပါတယ်…။

ဗိုက်ဆာတဲ့အခါ Mini mart မှာ တူတူအသင့်စားလို့ ရတာတွေ ထွက်ဝယ်လို့ရပါတယ်…။

လကုန်လို့ကိုယ့်လခမလောက်ရင် သူ့လခကို ရုပ်တည်နဲ့ ကိုယ့်ဟာလုပ်ပစ်လို့ရပါတယ်…။

ကိုရီးယားကားကြည့်ရင်း မင်းသားကိုအသည်းယားရင် ဘေးကသူ့ကို ကိုက်လို့ရပါတယ်…။

Capture

ရှုပ်ရှုပ်ရှက်ရှက်အင်္ကျီမျိုးဝတ်ရင်လည်း ကြယ်သီးတပ်ခိုင်း ကြိုးချည်ခိုင်းလို့ရပါတယ်…။

Fb ပေါ်က မကျေနပ်တဲ့သူအကြောင်း လုံးဝစောဒကမတက်ဘဲ အတင်းပြောသမျှ​တွေကို နားထောင်ခိုင်းလို့ရပါတယ်…။

လကုန်ရင်..ဟိုဟာဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ်ပြောပြီး ဘာမှဝယ်မပေးလည်းရပါတယ်…။

သူက ဒူးရင်းသီးမကြိုက်တတ်ပေမဲ့ နှာခေါင်းရှုံ့ပြီးဝယ်လာပေး​အောင်​ ခိုင်းစားလို့လည်းရပါတယ်…။

ထိုအချက်​များကြောင့်…ယောကျာ်းယူဖြစ်အောင်ယူပါ …

မယူပါက အထက်ပါကိစ္စအဝဝမှာ မိမိ၏ တာဝန်​သာ…ဖြစ်​ပါ​ကြောင်း …။ ။

Crd#

Facebook Comments